Wednesday, June 11, 2008

ရုံးသုံးကွန်ပျူတာ အဆင့်မြင့် သင်တန်း အမှတ်စဉ်(၂/၂၀၀၈)နှင့် လုပ်ငန်းဆိုင်ရာ ပညာပေးသင်တန်း အမှတ်စဉ်(၁/၂၀၀၈) သင်တန်းဖွင့်ပွဲ


အမှတ်(၁)စက်မှုဝန်ကြီးဌာန၊ ရုံးသုံးကွန်ပျူတာ အဆင့်မြင့်သင်တန်း အမှတ်စဉ် (၂/၂၀၀၈)နှင့် လုပ်ငန်းဆိုင်ရာ ပညာပေး သင်တန်း အမှတ်စဉ် (၁/၂၀၀၈) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ဇွန်လ(၄)ရက်နေ့နံနက်၇နာရီတွင် နေပြည်တော် ရှိ အမှတ်(၁)စက်မှု ၀န်ကြီးဌာန သင်တန်းခန်းမဆောင်၌ ကျင်းပ ပြုလုပ်ရာ အမှတ်(၁)စက်မှုဝန်ကြီးဌာန ၀န်ကြီးဦးအောင်သောင်း တက်ရောက်၍ သင်တန်းဖွင့် အမှာစကား ပြောကြားသည်။ အဆိုပါ သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ အမှတ်(၁)စက်မှုဝန်ကြီးဌာန၊ ဦးစီးဌာနနှင့် လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ အထွေထွေ မန်နေဂျာများနှင့် သင်တန်းသား သင်တန်းသူ (၉၄)ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ရက်သတ္တပတ် (၄)ပတ် ကြာမြင့်မည် ဖြစ်သည်။

Wednesday, February 20, 2008

Ministry Intranet System ကွန်ပျူတာမွမ်းမံသင်တန်း အမှတ်စဉ်(၂/၂၀၀၈)(နေပြည်တော်) သင်တန်းဖွင့်ပွဲအခမ်းအနား
နေပြည်တော်ရှိ အမှတ်(၁)စက်မှုဝန်ကြီးဌာနတွင် Ministry Intranet System ကွန်ပျူတာ မွမ်းမံသင်တန်း အမှတ်စဉ် (၂/၂၀၀၈) (နေပြည်တော်) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ၆-၂-၂၀၀၈ ရက်နေ့ နံနက် ၆း၃၀ နာရီတွင် အမှတ်(၁) စက်မှု ဝန်ကြီးဌာန သင်တန်း ခန်းမဆောင်၌ ကျင်းပ ပြုလုပ်ရာ အမှတ်(၁) စက်မှု ဝန်ကြီးဌာန ဝန်ကြီး ဦးအောင်သောင်း တက်ရောက်၍ သင်တန်းဖွင့် အမှာစကား ပြောကြားသည်။ အဆိုပါ သင်တန်းသို့ သင်တန်းသား/သူ(၅၁)ဦး တက်ရောက် ကြပြီး သင်တန်း ကာလမှာ ၆-၂-၂၀၀၈ မှ ၃-၃-၂၀၀၈ ထိ ရက်သတ္တ (၄)ပတ် ကြာမြင့်မည် ဖြစ်သည်။